Opening Hours

Mon to fri - 9:00 am to 9:00 pm

Sat to Sun - 9:00 am to 5:00 pm

Call Center

09 - 258414410

09 - 972398251

  • slidebg1
  • darkblurbg

Terms & Conditions

ပါဆယ်ပစ္စည်း ပေးပို့သူ လိုက်နာရန်အချက်များ

  1. ပါဆယ်ပစ္စည်းပေးပို့သူသည် ပစ္စည်းလက်ခံမည့်သူ၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်..စသည့်အချက်များအား တိကျစွာဖော်ပြရန်လိုအပ်ပါသည်။
  2. ပစ္စည်းပေးပို့သူ၏ လိပ်စာမပြည့်စုံခြင်း၊ မှားယွင်းဖော်ပြခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကြန့်ကြာမှု၊ ပျက်ဆီးမှုနှင့် နောက်ဆက်တွဲ စရိတ်များအား တာဝန်မယူပါ။
  3. လိပ်စာပြည့်စုံပါသော်လည်း ပစ္စည်းလက်ခံမည့်သူသည် ကုန်ပစ္စည်းပေးပို့ရန် ဖော်ပြထားသည့်လိပ်စာတွင် ရှိမနေခြင်း/မတွေ့ခြင်းများကြောင့် ပြန်လည်ပေးပို့မှု အနည်းဆုံး (၃)ကြိမ်ထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး (၃)ကြိမ်နှင့် အထက်ကျော်လွန်ပါက ပို့သည့်အကြိမ်တိုင်း ပို့ဆောင်ခ ထပ်ဆောင်းပေးရပါမည်။
  4. ပိုဆောင်ပေးရန် စာရင်းသွင်းပြီးသော ပါဆယ်ပစ္စည်းများအတွက် ငွေပြန်မအမ်းပါ။
  5. ကားဂိတ်ချပစ္စည်းများအတွက် ကားဂိတ်တင်ပြီးသည့်အထိသာ တာဝန်ယူပါမည်။
  6. တရားဥပဒေနှင့် မလွတ်ကင်းသည့်ပစ္စည်းများ သက်ဆိုင်ရာတာဝန်ရှိသူများမှ မည်သည့်နေရာတွင်မဆို ရှာဖွေတွေ့ရှိပါက ပါဆယ်ပစ္စည်းပေးပို့သူမှ အပြည့်အဝ တာဝန်ယူရပါမည်။
  7. ရန်သူမျိုးငါးပါး/သဘာဝဘေးအန္တရာယ်/အာဏာပိုင်အဖွဲ့အစည်းများ/ကားဂိတ်တာဝန်ရှိသူများ၏ ဖွင့်ဖောက်စစ်ဆေးခြင်းကြောင့် ပျက်ဆီးမှုများအတွက် တာဝန်မယူပါ။
  8. ပါဆယ်ပစ္စည်းပေးပို့သူမှ မလုံခြုံစွာ ထုပ်ပိုးထားခြင်းကြောင့် ကွဲရှ/ကြေမွလွယ်/ယိုစိမ့်စေတတ်သော ပစ္စည်းများအတွက် တာဝန်မယူပါ။
  9. ငွေစက္ကူ/ထီလက်မှတ်/ရွှေငွေရတနာများ/အစားထိုးမရနိုင်သည့် ပစ္စည်းများ/အခြားတန်ဖိုးကြီးပစ္စည်းများ လျှိုဝှက်စွာပို့ဆောင်ခြင်း ခွင့်မပြူပါ။ ပျောက်ဆုံး ပျက်ဆီးပါက တာဝန်မယူပါ။
  10. 360 Express အနေဖြင့် လုံခြုံ‌ရေးအရ လိုအပ်ချက်များရှိပါက ပါဆယ်ပစ္စည်းထုပ်များအား ဖွင့်ဖောက်စစ်ဆေးပါမည်။
  11. အကြောင်းအမျိုးမျိုးကြောင့် ပစ္စည်းပျောက်ဆုံးပျက်ဆီးခြင်း၏ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ငွေရေးကြေးရေး/စီးပွားရေးဆုံးရှုံးနစ်နာမှုအတွက် 360 Express မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

ပါဆယ်ပစ္စည်းပျောက်ဆုံး/ပျက်ဆီးခြင်းအတွက် လျော်ကြေး

  1. ချမှတ်ထားသည့်စည်းကမ်းများအရ 360 Express မှ တာဝန်ယူထားသည့်ပစ္စည်း ပျောက်ဆုံးပျက်ဆီးမှုအတွက် အမြင့်ဆုံးလျော်ကြေးငွေမှာ ကျပ်ငွေ (၂)သိန်း သတ်မှတ်ပါသည်။
  2. ကျပ်ငွေ (၂)သိန်းအောက် တန်ကြေးရှိသည့် ပစ္စည်းဖြစ်ပါက မူလတန်ဖိုးအတိုင်းသာ ပေးလျော်ပါမည်။
  3. လျော်ကြေးငွေတောင်းခံသည့်အခါ 360 Express တွင် မှတ်ပုံတင်ထားသည့် မူရင်းလက်ခံပြေစာအား တင်ပြနိုင်ရမည်။
  4. တာဝန်ယူထားသည့် ပစ္စည်း ပျောက်ဆုံး/ပျက်ဆီးသည့်ဟု အတည်ပြုသည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း လျော်ကြေးငွေတောင်းခံရပါမည်။
  5. ရက်ပေါင်း (၃၀)ထက်ကျော်လွန်ပါက လျော်ကြေးငွေတောင်းခံခြင်းသည် အလိုအလျောက်ပျက်ပြယ်ပါမည်။

360 Express ၏ ဝန်ဆောင်ပေးနိုင်မှုများ

  1. ပါဆယ်ပစ္စည်းအလေးချိန် (3)kg ထိ ထပ်ဆောင်းအပိုကြေး ပေးရန် မလိုခြင်း
  2. နံနက်(၁၀:၀၀)နာရီအတွင်း Request (ပို့ဆောင်ပေးရန်အကြောင်းကြားထားခြင်း)တင်ထားသည့် ပါဆယ်ပစ္စည်းများအား နေ့ချင်းပြီးကောက်/နေ့ချင်းပြီး ပို့ဆောင်ပေးခြင်း (ရန်ကုန်/မန္တလေး မြို့တွင်းသာ)
  3. ညနေ(၃)နာရီအတွင်း Requset တင်ထားသည့်ပစ္စည်းများအား အရေအတွက်မည်မျှရှိသည်ဖြစ်စေ နေ့ချင်းပြီး အခမဲ့ ကောက်ပေးခြင်း
  4. အကြောင်းအမျိုးမျိုးကြောင့် ပို့ဆောင်မရသည့် ပစ္စည်းများ (Returned to Sender) အား ပစ္စည်းအပ်နှံသူထံသို့ တစ်လအတွင်း Waybill အကြောင်း(၃၀)ထိ ဝန်ဆောင်ခမယူ ပြန်လည်ပို့ဆောင်ပေးခြင်း (ပုံမှန် အပ်နှံသော Customer များအတွက်သာ)
  5. ပါဆယ်ပစ္စည်းများအား အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်းနှင့် COD များအား ကောက်ခံပေးခြင်း
  6. ပစ္စည်းလက်ခံသူထံ ပစ္စည်းရောက်/ငွေလက်ခံ အဆင့် (Complete Status)သို့ ရောက်ရှိပြီး (၄) ရက်အတွင်း ငွေကောက်များအား လွဲပေးခြင်း (ပုံမှန် ဘဏ်စာရင်းများအတွက်)
  7. ပစ္စည်းလက်ခံသူထံ ပစ္စည်းရောက်/ငွေလက်ခံ အဆင့် (Complete Status)သို့ ရောက်ရှိပြီး (၇) ရက်အတွင်း ငွေကောက်များအား လွဲပေးခြင်း (Special Account/ငွေသားထုတ်ယူခြင်းများအတွက်...)
  8. COD များအတွက် ထပ်ဆောင်းဝန်ဆောင်ခများ/ငွေလွဲခများ ပေးရန်မလိုခြင်း
  9. တစ်လအတွင်း အပ်နှံသည့် ပစ္စည်းအကြောင်းအရေတွက်အလိုက် cash back များ ထုတ်ပေးခြင်း (လုပ်ငန်းမှ ချမှတ်ထားသည့် မူအတိုင်း…)

မှတ်ချက်

360 Express နှင့် တွဲဘက်လုပ်ကိုင်မည့် Customer များသည် ဖော်ပြပါစည်းကမ်းချက်များအား ဖတ်ရှူနားလည်ပြီး သဘောတူညီလက်ခံပါသည်ဟု မှတ်ယူပါမည်။